ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက်မွေးနေ့ မင်္ဂလာပွဲကိုရည်မှန်းပြီးအလှူဒါနပြုလုပ်လှူဒါန်းခြင်း။
မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက်မွေးနေ့ ကိုရည်မှန်းပြီး ဂျပန်နိုင်ငံ Miyagi ken, Ishinomiya-shi မီယာဂီ ကန်-အီရှီနိုမီယာ-ရှိ မြို့တွင် ဂျပန်ရောက်မြန်မာဒီမိုကရေစီ အင်အားစုများစုပေါင်းပြီး မွေးနေ့ပွဲအတွက် အလှူဒါန ကျွေးမွေးခြင်းနှင့် လုပ်အားပေးခြင်းများကိုပြုလုပ်ခဲ့ကြပါသည်။ ။ ဆူနမီ ရေလွမ်းမိုးခံနေကြရသော ဂျပန်လူမျိုး(၆၀၀)ကျော်ကို မြန်မာအစားအစာများဖြစ်သည့် သစ်သီးစုံဟင်း၊ ကြက်သားနှင့်အားလူးဟင်း၊ ကြာဇံဟင်းခါးချက်ဟင်းနှင့် ပန်းသီး၊ လိမ္မော်သီး၊ ငှက်ပျော်သီး၊ ကြူရီသီး။ရေသန့်ဘူး၊ ရေနွေးကြမ်းဘူးတဘူးစီကို အလှူဒါနပြုလုပ်လှူဒါန်းကျွေးမွေးလှူဒါန်းခဲ့ကြပါသည်။
အဖွဲ့အစည်းအသီးသီးမှ အားလုံးပေါင်း လူအယောက်(၁၇၂)ယောက်သွားရောက်ခဲ့ကြပြီး လူ(၁၅၀)သည် ရေလွမ်းမိုးခံရပြီး ပျက်စီးသွားသော လမ်းနှင့်သဘာဝသန့်ရှင်းရေး၊ ရေစီးသွားလာကောင်းစေရန်ချောင်းများသန့်ရှင်းရေး လုပ်အားပေးသွားရောက်ခဲ့ကြပါသည်။ ကျန်သောသူများမှာ ရေလွမ်းမိုးခံရပြီးအတိဒုက္ခရောက်နေသော ဂျပန်လူမျိုးများ ကျွေးမွေးရေးကို တာဝန်ယူဆောင်ရွက် အလှူပေးခဲ့ကြပါသည်၊
Jun 18, 2011
Photos: 256